Teamviewer ဆိုတာဘာလဲ?

ကျွန်တော်တို့ LSM မှာ License Product များကို ဝယ်ယူတဲ့ customerများ Software Installation and Activation လုပ်ဖို့အခက်အခဲရှိတဲ့အခါ ကျွန်တော်တို့မှ Remote Desktop Tools များဖြစ်တဲ့ Teamviewer, Anydesk, Ultraviewer ကဲ့သို့ Software များသုံးပြီး customer ရဲ့ computer မှာ Software Installationတွေဆောင်ရွက်ပေးပါတယ်

ဒီလိုပြောတဲ့အခါ အချို့ Customerများက Teamviewerဆိုတာဘာကြီးလဲ၊ Anydeskဆိုတာဘာကြီးလဲ ပြန်မေးတက်ကြပါတယ်

ဒီတော့ Teamviewer တို့ Anydesk တို့က ဘာလဲဆိုတာလေးကို အကျဉ်းချုပ်ပြောပြပေးချင်ပါတယ်

Teamviewer, Anydesk, Ultra Viewer တို့ဆိုတာ remote desktop software တစ်မျိုးပါ

Remote Desktop Software ဆိုတာကတော့ user တစ်ယောက်ရဲ့ computer ကနေ တစ်ခြား တစ်နေ ရာမှာရှိနေတဲ့ user တစ်ယောက်ရဲ့ computerကို လှမ်းဝင်ပြီးတော့ technical support တွေပေးနိုင်တဲ့ software တစ်မျိုးပါ၊

အဲ့လို ဝင်လိုက်တဲ့အခါ ဝင်တဲ့သူက တစ်ဖက် Computer ရဲ့ screen ကိုမြင်ရမှာဖြစ်ပြီး software installation လုပ်တာတို့၊ License activation လုပ်တာတို့၊ Software Error ဖြေရှင်းပေးတာတို့ကို ပြုလုပ်လို့ရပါတယ်၊

ထိုသို့ပြုလုပ်ဖို့အတွက် လိုအပ်ချက်အနေနဲ့ကတော့ user ၂ယောက်စလုံးရဲ့ Computer မှာ internet access ရှိဖို့လိုပြီး တူညီတဲ့ remote desktop software ရှိနေဖို့ဘဲလိုပါတယ်

ဥပမာ customer တစ်ယောက်က ကျွန်တော်တို့ထံမှ့ Office 2019 Pro Plus ဝယ်ချင်တယ်၊ ဒါပေမယ့် ဝယ်ပြီးရင်Software Installလုပ်တာactivateလုပ်တာတွေကိုယ်တိုင်မလုပ်ချင်ဘူး၊ ကျွန်တော်တို့ ကိုဘဲအပြီးအစီးဆောင်ရွက်စေချင်တယ်၊ အဲ့လိုအခါမျိုးဆို customer အနေနဲ့ သူ့စက်ထဲမှာ Teamviewer software လေးကိုဘဲ download လုပ်ပြီး install လုပ်ရုံပါဘဲ၊

Customer အနေနဲ့ software ကို downပြီး စက်မှာ install လုပ်ရပါမယ်

ပြီးတာနဲ့ Teamviewer applicationကိုဖွင့်လိုက်တဲ့အခါ Your ID and Password ကိုတွေ့ရမှာဖြစ်ပါတယ်

TeamViewer App ထဲမှာ မြင်တွေရမည့် Your ID နဲ့ Password ကိုပြသောပုံ

ထို Your ID and Password ကို LSM Team ကိုပေးလိုက်ရုံပါဘဲ၊ အဲ့အခါ ကျွန်တော်တို့ LSM team မှ customer ရဲ့ computer ကို လှမ်းဝင်ပြီး software installation တွေအပြီးအစီးဆောင်ရွက်ပေးမှာဖြစ်ပါတယ်

ဒီလောက်ဆိုရင်တော့ Teamviewer ကဘယ်လိုမျိုး softwareလဲဆိုတာကို အကျဉ်းချုပ်နားလည်သွားလောက်ပြီလို့မျှော်လင့်ပါတယ်

License Store Myanmar မှလည်း License Product ဝယ်ယူတဲ့ customer များ Software Installation & Activationကိုယ်တိုင်မလုပ်တက်ပါက Teamviewer သုံးပြီး အပြီးစီးဆောင်ရွက်ပေးတာမို့ အဆင်မပြေမှာစိတ်မပူဘဲ အမြန်ဆုံးသာဆက်သွယ်ပြီးဝယ်ယူလိုက်ပါနော်

Shopping Cart