Computerမှာ Windows OSကို လိုင်စင်နဲ့မသုံးဘဲ crack keyတွေ၊ crack activatorတွေနဲ့ crackပြီးအသုံးပြုနေရင် အောက်ဖော်ပြထားတဲ့ errorမျိုးတွေကြုံတွေရမှာဖြစ်ပါတယ်…
Screenညာဘက်အောက်ထောင့်နားမှာ “Activate Windows” ဆိုတဲ့ watermarkစာလေးက စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလောက်အောင် ပေါ်နေမှာဖြစ်ပါတယ်…
Computerနဲ့အလုပ်လုပ်နေတဲ့အချိန် (သို့) gameဆော့နေတဲ့အချိန်မျိုးမှာ “Your Windows license will expire soon” ဆိုတဲ့ pop-up boxလေးက အနှောက်အယှက်ပေးပါလိမ့်မယ်…
Windows Settingတွေ disableဖြစ်ကုန်ပြီး settingတွေchangeမရဖြစ်ပါလိမ့်မယ်…
ဒီလိုတွေဖြစ်တာက Windows OSကို လိုင်စင်နဲ့မဟုတ်ဘဲ အလကားရပြီး safeမဖြစ်တဲ့ crackတွေအသုံးပြုထားလို့ဘဲ ဖြစ်ပါတယ်
Computerရဲ့ ဝင်းဒိုး OSကို crackပြီးအသုံးပြုခြင်းဟာ computerရဲ့ performance ကိုပုံမှန်ထက်လည်းနှေးစေနိုင်သလို crack ပြီးသုံးထားတဲ့ ဝင်းဒိုး OSကလည်းvirusကူးခံရနိုင်ခြေအလွန်များပါတယ်
Crack version မှာ ဝင်းဒိုး Defender နဲ့ ဝင်းဒိုး Update ဖွင့်ထားရင် crackထားတာပျက်သွားတက်လို့ ပိတ်ထားရတာဖြစ်တဲ့အတွက်လည်း virus ကူးစက်ခံနိုင်ရခြေပိုများပါတယ်
ပြီးတော့ ဝင်းဒိုး crack version များဟာတစ်သက်တာLifetime Activateဖြစ်သွားတာမဟုတ်တဲ့အတွက် သင့်ကို ဝင်းဒိုး Systemကခဏခဏ License ဝယ်ပြီးactivateလုပ်ဖို့ warning message တွေပြနေပါလိမ့်မယ်
နောက်ဆုံး ဝင်းဒိုး OSရဲ့တစ်ချို့ Features တွေသုံးမရတော့တဲ့အထိပါ ဖြစ်သွားတက်ပါတယ်
ဒီလိုမျိုးပြဿနာတွေကြုံတွေ့ပြီး စိတ်မညစ်ရလေအောင် ဝင်းဒိုး License Key များသုံးပြီး ဝင်းဒိုး OS ကို Activate လုပ်ထားနိုင်ပါတယ်
ဝင်းဒိုး OSကို Official License KeyသုံးပြီးActivateလုပ်ခြင်းဖြင့်ရရှိနိုင်တဲ့ကောင်းကျိုးများကတော့
- ဝင်းဒိုး OS ကို တစ်ခါ Activate လုပ်ပြီးတာနဲ့ Lifetime activate ဖြစ်သွားခြင်း၊ crackများကဲ့သို့ခဏခဏပြန် crackပြီး activateလုပ်စရာမလိုတော့ခြင်း၊ စိတ်အနှောက်အယှက်မဖြစ်တော့ခြင်း
- တရားဝင်လိုင်စင်သုံးတာဖြစ်လို ဝင်းဒိုး Defenderဖွင့်ထားနိုင်ပြီး Virus ကူးစက်ခံနိုင်ရခြေမှလည်းလျှော့နည်းသွားခြင်း
- ဝင်းဒိုး Update လုပ်နိုင်သောကြောင့် တရားဝင် ဝင်းဒိုးUpdate တွေကို Downloadဆွဲနိုင်ခြင်း စတဲ့ကောင်းကျိုးများရရှိမှာဖြစ်ပါတယ်
သင့်ရဲ့ လက်ရှိ Windows OSက crackလား Licenseလား ဘယ်လိုခွဲခြားသိနိုင်မလဲ…?
commandတစ်ချို့ကိုသုံးပြီး စစ်ကြည့်နိုင်ပါတယ်
Windows Key + R ကိုတစ်ပြိုင်တည်းနှိပ်ပါ၊ အောက်ကပုံထဲကလို Run box လေးပေါ်လာပါမယ်
Run box ထဲမှာ cmd လို့ရိုက်ပြီး OK ကိုနှိပ်ပါ
အောက်ကပုံထဲကလိုပေါ်လာပါမယ်၊ အဲ့ထဲမှာ slmgr.vbs /xpr လို့ရိုက်ပြီး enter ခေါက်ပါ (s နဲ့ / ကြား space ခြားပါ)
Enter ခေါက်ပြီး အနည်းငယ်ကြာတဲ့အခါ Windows Script Hostဆိုတဲ့ box လေးတက်လာပါမယ်၊ အောက်ကပုံထဲကလိုလေးပေါ်လာပါမယ်
ပေါ်လာတဲ့ပုံပေါ်မူတည်ပြီး Windows က crack ထားလား License သုံးထားလားဆိုပြီး သိနိုင်ပါတယ်
အပေါ်ကပုံထဲကလို The Machine is permanently activated လို့ပေါ်ရင် license ဖြစ်ပါတယ်၊ permanent activate (lifetime activate) ဖြစ်နေပါတယ်
အဲ့လိုမဟုတ်ဘဲ အောက်ကပုံထဲကလို Windows is in Notification mode လို့ပေါ်နေရင် (သို့မဟုတ်) Activation will expire ဆိုတဲ့စာနဲ့ date တစ်ခုကိုပြနေတာဆိုရင်တော့ အဲ့တာ crack ထားတာဖြစ်ပါတယ်
Windows 10/11 Licenseများလိုအပ်ပါကလည်း ကျွန်တော်တို့ License Store Myanmarမှာ စျေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ပါတယ်…